top of page

NMA Students' Voices

PZHK.jpg

Mr.Paing Zin Htet Kyaw

           သင်တန်းကျောင်းကောင်းတွေကတော့ အခုချိန်မှာ အများကြီးဖြစ်နေကြပါပြီ။ အဲ့လို သင်တန်းကျောင်းကောင်းတွေထဲမှာတော့

NMA ဟာလဲ တစ်ကျောင်းအပါအဝင်ဆိုတာ ကျွန်တော်အသေချာပြောရဲတယ်။  အဓိက ကျွန်တော်အကြိုက်ဆုံးအချက်ဟာ သင်တန်းသူ

သင်တန်းသားတွေရဲ့ စကားသံကို နားစွင့်ထားတဲ့အချက်ပါပဲ။  အဆင်မပြေတဲ့အချက်၊ လိုအပ်ချက်တွေကို ပြောပြထောက်ပြရင်လက်ခံပြီး

ချက်ချင်းပြင်ဆင်ပေးတဲ့အချက်ကတော့ တကယ်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လိုပဲမြင်တယ်။  စာသင်ရတဲ့နေရာမှာလဲ မိသားစုဆန်တယ်

 ပေါ့ပေ့ါပါးပါးရှိတယ်၊ သင်တန်းဆရာတွေကလည်း လူငယ်အများစုဖြစ်တဲ့အပြင် သူတို့ကိုတိုင်လဲ လက်ရှိ ကျွန်တော်တို့ကို သင်ကြားပေးတဲ့

ဘာသာရပ်တွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင် ဝင်နေကြတဲ့သူတွေဆိုတော့ ကျွန်တော်တို့ကိုပေးတဲ့ Knowledge တွေကလဲ Update ဖြစ်တယ်။

 

ဒီအချက်တွေက NMA ရဲ့ အားသားချက်တွေပဲလို့ ကျွန်တော်တော့ မြင်မိတယ်.........

Mr.Ye Phone Arkar

YP.jpg

              ကျွန်တော်ကိုယ်တိုင် သင်တန်းကျောင်းပေါင်းများစွာကို လေ့လာခဲ့ပြီးတော့မှ နောက်ဆုံး ဒီ NMA ကျောင်းကို ရွေးချယ်

တက်ဖြစ်ခဲ့တာပါ။ အများတတ်နိုင်တဲ့ ဈေးလည်းဖြစ်သလို ကျောင်းရဲ့ service ပိုင်းမှာလည်း အရမ်းကောင်းပါတယ်။
ကျောင်းတတ်ရတာ ပျော်ဖို့ကောင်းပြီး  တန်ဖိုးမဖြတ်နိုင်တဲ့ ပညာတွေ အများကြီးရခဲ့ပါတယ်။ အခြေခံကနေ စပြီး ကျွမ်းကျင်တဲ့

အဆင့်ထိ စာတွေ့ကော လက်တွေ့ကော စေတနာပါပါနဲ့ သင်ကြားပေးခဲ့တဲ့ ဆရာ၊ဆရာမတို့ကိုလေးစားစွာ ဂါရဝပြုပါတယ်။


                                              ဒီထက်မက ဆက်လက်အောင်မြင်ပါစေ NMA ...

YMP.jpg

Ms.Yamin Paing

           ညီမနာမည်က ယမင်းပိုင်ပါရှင့်။ ညီမက အခု NMAမှာ Diploma in SM ဘာသာရပ်ကို တက်ရောက်နေတာဖြစ်ပါတယ်။
တခြား Diploma သင်တန်းတစ်ခုမှာ သင်ကြားမူအဆင်မပြေတာကြောင့် NMA ကို ရွေးချယ်ဖြစ်ခဲ့တယ်။ NMA မှာ သင်တန်း

စတတ်တတ်ချင်း အရမ်းအဆင်ပြေပါတယ် ဆရာကစာတွေကို နာလည်အောင်စေတနာထား သင်ပေးပါတယ် စိတ်လဲရှည်တယ် အသက်မတူတဲ့ အသိမိတ်ဆွေတွေလဲရခဲ့တယ်။NMA Staff က အကိုတွေ အစ်မတွေကလဲသဘောကောင်းတယ်။ NMAမှာ

သင်တန်းတက်ရတာ အဆင်ပြေပါတယ်ရှင့်။ နောက်လဲ တခြား Diplomaတွေလဲ တက်ဖြစ်အုံးမှာပါ...

 

NMA ဒီထက်ပိုပြီးအောင်မြင်ပါစေ....

Thank you NMA ...

Mr.Tin Win Naing

           ပညာခေတ်မှာ ပညာရှာဖို့ Facebook ပေါ်ရှာကြည့်တာပညာပါရမီဆိုတဲ့ သင်တန်းကျောင်းကို တွေ့ခဲ့တယ်။စိတ်ဝင်စားလို့ Marketing ဘာသာရပ်ကို စပြီး လေ့လာလိုက်တယ်။ Marketing ဘာသာရပ်ကို နားလည်လွယ်ပြီး ခေါင်းထဲ စွဲအောင် ဆရာဗညားက သင်ကြားပေးခဲ့ပြီး Cedar Academy (Singapore)ကနေပေးတဲ့ Diploma in Business Administration ကို ရရှိခဲ့ပါတယ်။အဲဒီနောက် ပညာပါရမီကျောင်းကနေပြီး NMA ဆိုတဲ့ Diploma ကျောင်းဖွင့်တော့လဲ ABE - UKကနေပေးတဲ့ Diploma in Sales & Marketing Management ကို ရယူခဲ့တယ်။ အခုတော့ NMA ကနေ လေ့လာသင်ယူခဲ့ရတာတွေနဲ့ အတွေ့အကြုံတွေ ပေါင်းပြီးတော့ Own Business လေးတစ်ခုကို စတင်လုပ်ကိုင်နေပါပြီ။ ပညာရပ်တွေကို ခေါင်းထဲ စွဲအောင်သင်ကြားပေးခဲ့သော ဆရာဗညားဟန်ရဲ့ ကျေးဇူးတွေနဲ့ လုပ်ငန်းတွေကို Risk အနည်းဆုံးဖြစ်အောင် လုပ်ကိုင်နေခဲ့ပါပြီ.....

 

        'NMA'ကျောင်းတော်ကြီး ယခုထက်ပိုပြီး တိုးတက်အောင်မြင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်.....

Ko Tin Win Naing.jpg
YHW.jpg

Mr.Ye Htut Win

* တစ်ယောက်တည်းဆိုပြီးအားမငယ်ပါနှင့် *

NMA(Hledan) ကို စတင်တတ်ခဲ့တဲ့နေ့က စပြီးတော့ ကျောင်းမှရှိတဲ့ Student Guide တွေရဲ့ ရင်းနှီးစွာဆက်ဆံမှု၊ သိလိုသမျှကို စိတ်ရှည်စွာ ပြန်ပြောပေးတာလေးတွေရယ်၊ကျောင်းမှာရှိတဲ့ အတန်းတူ အဖော်အသစ်တွေကြောင့် သူငယ်ချင်းအသစ်တွေလည်း ရခဲ့ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ကျွန်တော်တို့ကို သင်ကြားပေးခဲ့သော ဆရာကို အထူးကျေးူဇူးတင်ပါတယ်။ စာသင်ချိန်တွေသာမက ပဲ ပြင်ပ အချိန်တွေမှာတောင် သိလိုသမျှ မေးမြန်းသမျှကို တချက်လေးမှ မညည်းညူ ပဲ မှန်ကန်တဲ့ လမ်းညွှန်မှုတွေကို ပေးခဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သင်ရိုးစာအုပ်ထဲမှ စာတွေအပြင် လုပ်ငန်းခွင်မှာ အသုံးချနိုင်မယ့် အသိပညာတွေ

အတတ်ပညာတွေကို ပါ ပြောပြပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါရစေ။အခုလို သင်ကြားပေးခဲ့တာတွေမှု အတွက် အခုလို Graduation ကိုရယူခဲ့အချိန်မှာ ဂုဏ်ယူရပါတယ် ။

နောက်ဆုံးတစ်ခုအနေနဲ့တော့
Graduation Ceremonyကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးခဲ့တဲ့ NMA ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါရစေ...

Mr.Aung Htet Lin

AHL.jpg

              ပညာသင်ယူရင်း တိုးတက်မှု ၊ အောင်မြင်မှု ရှာဖွေနေသော လူငယ်တွေအားလုံးအတွက် အကိုက်ညီဆုံးသော

သင်တန်းကျောင်းကို ပြောပေးပါဆိုရင် NMA(National Management Academy) ကိုပဲ ညွှန်းပါရစေ။ စေတနာအပြည့်နဲ့

စာတွေ့ ၊ လက်တွေ့ သင်ပြပေးတဲ့ ဆရာ ၊ ဆရာမ များစုဝေးရာ ကျောင်းဖြစ်ပြီး ပညာရှာဖွေနေသော လူငယ်များ တက်နိုင်စေဖို့ သင့်တင့်မျှတသော သင်တန်းကြေးဖြင့်တက်ရောက်သင်ကြားခွင့်ပေးသော သင်တန်းကျောင်းပိုင်ရှင်ဆရာရဲ့ စေတနာကလည်း လေးစားစရာပါ။ ကျွန်တော်ကိုယ်တိုင်လည်း NMA မှာ တက်ခဲ့ပြီး ဆရာ ၊ဆရာမများရဲ့ လမ်းညွှန်မှုနဲ့အတူ အောင်မြင်မှုများ ဆွတ်ခူးနိုင်ခဲ့ပါတယ်.....

bottom of page