top of page

'Risk, Resilience & Results For HRM in 2022' HR Conference



မတ်လ ၁၃ ရက်နေ့မှာ Career Plus ကနေ ကြီးမှူးကျင်းပခဲ့တဲ့ 'Risk, Resilience & Results For HRM in 2022' HR Conference ပွဲကြီးကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီပွဲကြီးမှာ Risk Management for HRM in 2022 ခေါင်းစဉ်နဲ့ ပထမဆုံး ဆွေးနွေးပေးသွားတဲ့ ဆရာ ညီညီ၊ မရီမွန်ကျော်နဲ့ Moderator အနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဆရာ ထင်ကျော်လင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

'Plus the capacities in 2022' ခေါင်းစဉ်နဲ့ ဒုတိယ Panel Discussion အနေနဲ့ ဆွေးနွေးပေးခဲ့တဲ့ ဆရာ ကောင်းငြိမ်းစိုး၊ တီချယ် ဇာဇာတင်ထွဋ်နဲ့ Moderator အနေနဲ့ ပါဝင်ပေးခဲ့တဲ့ ဆရာ အတာသောင်းထက်တို့ကိုလည်း ကျေးဇူး တင်ရှိအပ်ပါတယ်။

ဒီပွဲကြီး ဖြစ်မြောက်အောင် Partnership အနေနဲ့ ပါဝင်ပေးခဲ့တဲ့ National Management Academy နဲ့ Better HR တို့ကိုလည်း ကျေးဇူးတင်ရှိ ရပါတယ်။

Sponsorship အနေနဲ့ ပါဝင်ပေးခဲ့တဲ့ Royal-D, Bagan Coffee တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

နောက်ထပ်လည်း Career Plus ကနေ ဒီထပ် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်များ ဖြစ်မြောက်လာအောင် ကြိုးစားသွားပါ့မယ်။ ဒီ HRM ပွဲလေးကနေ ကိုယ်မှန်းထားတဲ့ အတိုင်း အခက်အခဲတွေ Risk တွေ ဖြေရှင်းဖို့ အဖြေရသွားလိမ့်မယ်၊ အကျိုးတစ်ခုခု ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မကြာခင်မှာ ပွဲရဲ့ ပုံရိပ် Video လေးကို တင်ဆက်ပေးသွားမှာ ဖြစ်လို့ Stay Tuned ပါနော်။

18 views0 comments

Recent Posts

See All
bottom of page